Day: July 23, 2022
shweu
နှလုံးသွေးကြောကျဉ်းရောဂါအတွက်လက်တွေ့ဆေးပင်
နှလုံးသွေးကြောကျဉ်းရောဂါအတွက်လက်တွေ့ဆေးပင်   ပြီးခဲ့သောအပတ်က တိုက်ကြီးမြို့မှ အသက် ( ၅၉)  နှစ်ရှိပြီဖြစ်သော ဦးတင်ဦးမှ ဖုန်းဆက်လာပါသည် ။ ဆရာစိုင်းမင်းသန့်လား ခင်ဗျာ ကျွန်ုပ်မှ… ဟုတ်ကဲ့ ပြောပါ ခင်ဗျာ ဦးတင်ဦး… ဆရာတင်ထားတဲ့ ဆေးပင် အကြောင်းလေးပြော ပြပြီး ကိုယ်တွေ့ဆေးနည်းလေး မျှဝေချင်ပါသည်ဟု ပြောပါသည် ကျွန်ုပ်…ဟုတ်ကဲ့ ဘယ်ဆေးပင်လည်း ခင်ဗျာ ဦးတင်ဦး … ထိနံပင်ပါ ကျွန်ုပ်…ဟုတ်ပါတယ် တစ်ကျောင်းတစ်ဂါထာ ဆိုသလိုပါပဲ ဆေးပင်ကို အမည်အမျိုးမျိုးခေါ်ဝေါ်ကြပါတယ် ကျွန်တော်သိသလောက်ကတော့ တိုင်းရင်းဆေးသုတေသနအဖွဲ့ကြီးက ( တောကြောင်ပန်းပင်)  လို့ခေါ်ဝေါ်သတ်မှတ်တယ်လို့ ဖတ်ဖူးပါတယ် ။ နေရာဒေသအလိုက် ပြည့်စုံပင် ။ ထိနံပင် ။ ဇီဝကပင် ။ တောင်လုံးကျော်ပင် ။ ကင်ဆာဆေးပင်။ လို့အမျိုးမျိုးခေါ်ဝေါ်ကြပါတယ် ။ […]
shweu
ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့မျှစ်
ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့မျှစ်(Bamboo shoot)   ကြော်ပဲစားစား၊ သုပ်ပဲစားစား၊ ဟင်းရည်ပဲချက်စားစား၊ပြုတ်ပြီးတော့ အတို့အမြှုပ်အနေနဲ့ပဲစားစား စားလို့ကောင်းတဲ့ မျှစ်ကလေးက စားကောင်းရုံမှာတင်ပြီးမသွားပါဘူး။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးနိုင်ပါသေးတယ်နော်။ စားလိုက်ရင် ခံတွင်းထဲမှာ ခပ်ရှိန်းရှိန်းလေးဖြစ်သွားတာ ကြောင့် မျှစ်စားရတာကို ကြိုက်တဲ့သူတိုင်း ဒီဆောင်းပါးေးလကို ဖတ်ကြည့်သင့်တယ်နော်။ ဘယ်လိုအာဟာရဓါတ်တွေရရှိနိုင်လဲ မျှစ်က ပရိုတင်းကြွယ်ဝသလို ကယ်လ်လိုရီပါဝင်မှုနည်းပါတယ်။ ကာဗိုဟိုက်ဒရိတ်လည်းပါဝင်နေပါတယ်။ သကြားဓါတ်ပါဝင်မှုနည်းသလို အဆီဓါတ်လည်းပါဝင်မှုနည်းပါတယ်။ ဒါတွေအပြင် အမျှင်ဓါတ်နဲ့ ဗီတာမင် A၊ ဗီတာမင် B အုပ်စု၊ ဗီတာမင် E၊ အမိုင်နိုအက်ဆစ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ မဂ္ဂနိ၊ ဆီလီယမ်၊ သံဓါတ်တို့ပါဝင်နေပါတယ်။ ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုလဲ အာရှနိုင်ငံအများစုမှာ နှစ်နှစ်ခြိုက်ခြိုက်စားသုံးတတ်ကြတဲ့ မျှစ်က အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျစေနိုင်တယ် ကယ်လ်လိုရီ၊ ကာဗိုဟိုက်ဒရိတ် နဲ့ […]
shweu
အနာဆွေးအနာအိုကြီးအတွက် ဘောစကိုင်း
ဘောစကိုင်း  နဲ့ အဝေရာ အနာဆွေးအနာအိုကြီးအတွက် ဘောစကိုင်း   ဘောစကိုင်းပင်ကို အဝေရာဟုလည်းခေါ်၏ သိသူတို့အကျိုးကများလှ၏။ အကြောင်းကရှိ၏ပျောက်ကင်းတော့မှာ မဟုတ်ပါထင်ရသော အဒေါ်၏ခါးတွင်ပေါက်သော အနာမှာနှစ်ချီခဲ့လေသည်။ တဖြည်းဖြည်းလှိုက်စားလာကာ အနာတွင်းနက် စိတ်ပျက်ဖွယ်ဖြစ်ရသည်။မိဘဆွေမျိုးများ အာလုံးစိတ်မကောင်းဖြစ်ရသည်။ဆရာစုံစွာ လက်လည်းကုန်လေပြီ။ အနာဟောင်းကြီး ဘောစကိုင်းဖြင့် ပျောက်ကင်းခဲ့သည်။ အင်္ဂလိပ်မြန်မာဆေးတို့ဖြင့် ဆေးပေါင်းခနေသော အနာသည်အလွန်ပေါပေါ လမ်းဘေးတောတွင်ပေါက်သော ဘောစကိုင်းအရွက်ကကုစားပေးနိုင်ခဲ့လေသည်။ ဘောစကိုင်းရွက်ကိုခူးပြီး ရေစင်အောင်ဆေးကာ ကြေညက်အောင်ထောင်းပြီး အနာတွင် အုံပေးခြင်းဖြစ်ပါသည်။ပြည်တရွဲရွဲ စိတ်ညစ်ဖွယ်အနာကြီးကို ဘောစကိုင်းရွက်ပြုတ်ရည်ဖြင့်နေစဉ် ဖန်ရည်ဆေးပေးခြင်း အရွက်အုံစည်းခြင်းသာဖြစ်သည်။     ပုံမှန်လုပ်ကိုင်းပေးရင်း(15)ရက်အကြာ အနာနုတ်ခမ်းဝအသားနု တက်လာကာ တဖြည်းဖြည်းခြောက်လာပြီး အပြီးတိုင် ပျောက်ကင်းခဲ့ပါသည်။ အနာဆွေးအနာအိုးကြီး ဘောစကိုင်းရွက်ဖြင့်အမှန်ပျောက်ကင်းခဲ့ပါသည်ဆို၍ တင်ပြမိပါသည်။ အချို့ အနာဆွေး အနာအိုကြောင့် စိတ်ညစ်နေရပြီး ဆေးခန်းပြသရန်အခက်ကြုံသူတို့ ဘောစကိုင်းရွက်ကို ဖန်ရည်ဆေးခြင်းကြိတ်အုံခြင်းဖြင့် ပျောက်ကင်းစေပါကြောင်း။ မူရင်းရေသားသူအားလေးစားလျက် […]
shweu
သွေးတိုးလာရင် မိနစ်အနည်းငယ်အတွင်း အမြန်ဆုံးသက်သာစေမည့် နည်းလမ်း
သွေးတိုးလာရင် မိနစ်အနည်းငယ်အတွင်း အမြန်ဆုံးသက်သာစေမည့် နည်းလမ်း   သွေးတိုးရောဂါ ရှိတဲ့သူတွေဟာ သွေးတိုးတဲ့ဝေဒနာကို အချိန်နေရာမရွေး ခံစားရတတ်ပါတယ်။ အကြောင်းကြောင်းကြောင့် ရုတ်တရက် သွေးတိုးလာပြီး သောက်နေကျဆေးလည်း အနားမှာမရှိ၊ ကုသမှုခံယူဖို့လည်း မလွယ်ကူတဲ့အခြေအနေမျိုးမှာ သွေးတိုးဝေဒနာကို တစ်မိနစ်အတွင်း သက်သာပျောက်ကင်းစေမယ့် အရေးပေါ် နည်းလမ်းလေးကို ဝေမျှလိုက်ရပါတယ်။ တစ်ကယ်တော့ သွေးတိုးနေလား မတိုးဘူးလားဆိုတာ လွယ်လွယ်နဲ့ သိနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ အချို့လူတွေဆိုရင် ကိုယ့်မှာ သွေးတိုးရောဂါရှိနေတယ်ဆိုတာတောင် သတိမထားမိတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်မို့ ဆရာဝန်တွေက သွေးတိုးရောဂါကို “တိတ်တဆိတ်လူသတ်သမား” လို့ နာမည်ပေးထားကြတာပါ။ သွေးတို့ရောဂါရဲ့ သက်ရောက်မှုက တစ်ကယ်စိုးရိမ်စရာကောင်းပါတယ်။ ဒီရောဂါဟာ ချက်ခြင်းကြီး ဝုန်းဒိုင်းဆိုပြီး ပေါ်လာတာမျိုး မဟုတ်ပဲ တစ်ဖြည်းဖြည်းချင်း ဖွဲ့စည်းဖြစ်တည်လာတာဖြစ်ပါတယ်။သွေးတိုးရောဂါရဲ့ လက္ခဏာရပ်တွေကလည်း အမျိုးမျိုးရှိပါတယ်။     သိသာထင်ရှားတာတွေကတော့ […]
shweu
ရောဂါအမျိုးမျိုးအတွက်ဆေးဘက်ဝင် ငွေပန်းဥ
ဆေးဘက်ဝင် ငွေပန်းဥ   အရသာမှာအနည်းငယ် ပူ စပ်  ချိုစိမ့် သည်။ငွေပန်းဥ သည် အရိုးနဲ့ ချဉ်ဆီ ကို အားဖြစ်စေသည်။ ခါး ဒူး အရွတ်တွေကို အားဖြစ်စေသည်။ ကျည်းပေါင်းကို သက်သာစေသည်အကျိတ်ကို ပျောက်စေသည်။ သွေးအားကို ဖြစ်စေသည်။နို့ကို ထွက်စေသည်။ ငွေပန်းဥ ကို ကြက်သွန်ဖြူနဲ့ ဟင်းခါးကျိုသောက်ငပိရည်နဲ့ တို့စားပြုတ်စားအစာလဲကြေနူတ်ကို လည်း မြိန်စေတယ်။ အဆိပ်အတောက်ရှိသည့် အင်းဆက် ပိုးမွှားများကိုက်ခံရလျှင် ဖြစ်စေ အဖုအကြိတ် ထွက်လျှင်ဖြစ်စေငွေပန်းဥ ကို သွေးပြီး လိမ်းပေးနိုင်သည်။ ငွေပန်းဥ ကို ဟင်းချို ချက်သောက်ပေးလျှင်လည်းကုသနည်းအဖြစ် အသုံး ပြုနိုင်ပါသည် ငွေပန်းဥ ကို ဟင်းလျာထဲ ထည့်ချက်စားပေးပါကအနာများကို အကျက်မြန်စေပါသည်။ ငွေပန်းရွက် လက်တစ်ဆုပ်စာကို သုံးခွက်တစ်ခွက်တင်ပြုတ်သောက် ဆီးကျောက်လည်းကျပါတယ်။ ထို့အပြင် […]
shweu
ဒညင်းသီးစားပြီးရင်အဆိပ်ဖြေဆေး
Top